Saturday, July 30, 2016

တောင်ရိုးတိုင်းရင်းသားများသမိုင်းအကျဉ်း

ပုဂံခေတ် ဓညဝတီ ရခိုင်ပြည်မှဆင်းသက်လာသော တောင်ရိုးတိုင်းရင်းသားများသမိုင်းအကျဉ်း


Photo from Laydaung TharGree Sait Chay






Thursday, July 28, 2016

ရခိုင်အောင်လံတော်






® This is the creation of Arakan Patriotic. ®


ရခိုင်ထီးရိုးနန်းနေ့ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကံ သံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင် လံတော်ကြီး၏ အကြောင်းချင်းရာဟူသမျှတို့ကို အခါအခွင့်နှင့်ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇသေနင်္ဂ ဗျူဟာ ကျမ်း၊ ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖော်ပြပါအံ့။

၁။ အောင်လံတော်၏ အတိုင်းအတာကား အလျား ၉-တောင်၊ အနံ ၆-တောင်တိတိရှိသည်။ ထိုထက်ငယ်စေ လိုလျှင် အဝက်ကျအတိုင်းအတာပြု၍ သုံးခဲ့သည်။

၂။ အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုကြသည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထားပြီး အနီရောင် ကို အောက်ပိုင်း၌ထားသည်။

၃။ အမှတ်အသားမှာ အထက်အောင်လံတော်၏ ထောင့်စွန်း အဖြူရောင်ပေါ်တွင် သိန္ဓဝမြင်းပျံရုပ်တစ်ခု၊ ၄င်းအဖြူရောင် ကျန်တစ်ဖက်နားပေါ်တွင် နာဂဆန္ဒန်ရုပ်တစ်ခု၊ အောက်ဖက်အနီရောင်ပေါ်တွင် ခြင်္သေ့ရုပ် တစ်ခုပါသေးသည်။ ကျောဖက်တွင် မိမိတို့ပိုင်ဆိုင်သော နယ်နိမိတ်တိုင်းပြည်နိုင်ငံကို ဖော်ပြသည်။ နယ်နိ မိတ်တို့မှာလည်း မင်းတစ်ပါးနှင့်တစ်ပါး မတူဘဲ တန်ခိုးရှိလျှင် ရှိသည့်အလျောက် အကျဉ်းအကျယ်ကို လိုက် ၍ပြုလုပ်ရသည်။ နယ်နိမိတ်တို့၏ အတိုင်းအတာ အကွာအဝေးကို တစ်ရာ့ရှစ်ပါဒရှိသော ရခိုင်အောင် လံတော် ရတုတွင် လည်ကောင်း သာစွလေချီလင်္ကာတွင် လည်းကောင်း၊ ရခိုင်မဟာရာဇဝင်တွင် လည်းကောင်း တွေ့နိုင်သည်။

၄။ အောင်လံတော်၏ အရိုးမှာ ဝါး သို့မဟုတ် ပြဝါခေါ် သစ်တစ်မျိုးဖြစ်သည်။ အမြင့်မှာ ၂၇-တောင်ဖြစ်၍ သတ္တပီသကျယ် ပြုလုပ်ခဲ့သည်။ အောင်လံတော်မှာလည်း နဝင်းကျယ်ပြုလုပ်သည်။ ဝါးမှာ ကြသောင်းဝါး ကိုသုံးသည်။

၅။ အောင်လံတော် စိုက်ထူရာဌာနမှာ ရွှေနန်းမဆောင်တော်ကြီး၏ အရှေ့ဘက် နဝရတ်ကိုးသွယ် စီခြယ်သော မှန်ဝဲမျှော်ဆောင်တော်ဦး၏ ထိပ်ထက် ထီးမစိုက်ခုံတွင် တင်၍ လွှင့်ထူရသည်။

၆။ အောင်လံတော်ကို အချိန်ကာလ အကန့်အသတ်မရှိ လွှင့်ထူစိုက်ဆောက်သည့်နေ့မှစ၍ စုတ်ပြဲဟောင်း နွမ်းသည့်တိုင်အောင် နှုတ်မချွတ်စကောင်း၊ မချမတင် စကောင်း အမြဲပင်ထားရသည်။

ရ။ အောင်လံတော်၏ အဓိပ္ပာယ်မှာ ရက္ခိုင်၊ ရက္ခိတ ဟူသော ပုဒ်ဖြင့် စောင့်ရှောက်ခြင်း အနက်ကြောင့် လည်းကောင်း ဖြူစင်သောသီလ၊ မြင့်မြတ်သော မျိုးရိုးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဝေသီယမျိုး သုဒ္ဓိယ မျိုးတို့ ထွန်းကားပေါ်ပေါက်ရာ ဖြစ်သော မျိုးရိုးဖြစ်၍ လည်းကောင်း၊ ရခိုင်တို့ကျင့် ထုံးတရာ့သုံး ဆိုသည့် စကားအရ၊ မျိုးရိုးကို သီလဖြူစင်စွာ စောင့်ရှောက်ခဲ့ခြင်းကြောင့် အဖြူရောင်ကို အပေါ်က တပ်ရသည်။ အနီ ရောင်မှာ အသမ္ဘီန္န၊ ခတ္တိယဝံသ၊ သကျသာဂီယ၊ ဗြဟ္မာနွယ် မျိုးရိုးတို့မှ ဆင်းသက်လာသော အနွယ်တော် ဖြစ်၍ဖောက်ပြန်တတ်သောသွေးမရှိ၊ ပကတိနီမြန်းသော သွေးအဆင်းသာ ရှိသောကြောင့် အနီရောင်ကို တပ်ဆင်ရသည်။ သိန္ဓောမြင်းတို့မည်သည်မှာ ကွေ့ကောက်၍သွားခြင်းမရှိ၊ တည့် မတ်ဖြောင့်စင်း၍ လားတတ် သောကြောင့် လည်းကောင်း၊ ဆဒ္ဒန်မျိုးမည်သည် ဖြူသောအဆင်းမှတစ်ပါး ဆင်မဲကို မွေးဖွားရိုး မရှိ။ ဖြူရာ မှမဲလာသည်ဟူ၍ လည်းမရှိ။ ပကတိသော အဆင်းကို အခါခပ်သိမ်း မစွန့်သောကြောင့် လည်းကောင်း၊ ကေသရာဇာခြင်္သေ့တို့မည်သည်မှာ တောသုံးထောင်ကို ထီမထင် သကဲ့သို့ လည်းကောင်း၊ ထိုသို့သဘောဖြင့် ပြည့်စုံသော သတ္တဝါသုံးဦးတို့ အရုပ်ဖြင့် လည်းကောင်း၊ ဖြူ နီနှစ်ခုတို့ဖြင့် ပေါင်း ၅ ခုသော ရူပရုပ်တို့ကို ဆောင်းသော ပဉ္စရုပ်တို့ဖြစ်၍ ပဉ္စရူပရုပ်ကိုတပ်ဆင်ရသည်။ (အကျယ်ကိုသိလိုက ရာဇဝင်ကြီးနှင့် ဗျူဟာ စက္ကိကျမ်း အောင်လံတော် ရတုတို့မှာ ရှိ၏။)

ဆရာဦးသာထွန်း-မြို့ဟောင်း

(စစ်တွေ ဘဝသစ်ဂျာနယ်မှ ကျေးဇူးပြုသည်။)

ရခိုင်ကျောင်းသား ကျောင်းသူများအသင်း မဂ္ဂဇင်း ၁၉၅၀-လွတ်လပ်ရေးစာစောင်။

ဦးဦးသာထွန်း - ရခိုင်မြန်မာပဏ္ဍိတ် ရေးသားသော ရခိုင်တန်ဆောင် ဆောင်းပါးများ စာအုပ်မှကူးယူဖော်ပြ သည်။